စကားများတွင်လည်းအင်္ဂလိပ်စကားလုံးလေးများကိုညှပ်ကာပြောလေ့ရှိသည် ။
ကျွန်ုပ်၏မြေးမလေး ဆယ်တန်းအောင်စာရင်ထွက်သည့်အခိုက်နှင့်ကြုံကြိုက်နေပြန်တော
စကားမစပ် ကိုယ်မြေး(၁၀)တန်းအောင်ကြောင်းကို ထည့်ကြွားလိုက်လေသည် ၊ ကိုယ်ဖိုးမှိန်ရယ် ၊ ဒီနှစ်တောကျုပ်မြေးဆယ်တန်းအောင်သဗျာ့ အေ ဟုတ်လားဘယ်မှာခင်ဗျားမြေးဘယ်မလဲ ခေါ်လိုက်စမ်းပါ ဂုဏ်ပြုရအောင် ၊ ဟုဆိုကာ မြေးမလေးကိုလှမ်းခေါ်လိုက်လေသည် ဟေ ငါ့မြေးလာစမ်းပါအုံး ဒီကို မြေးမလေးမှာအိပ်ပေါ်မှကမန်းကတန်းဆင်းအလာ ဒါနဲမောင်ဖိုးမှိန်မှ အင်္ဂလိပ်စကားဖြင့်
Congaratulation ဟုပြောလိုက်လေသည် ကျွန်ုပ်ကနားမလည်စွာဖြင့် အဲဒါဘာလဲအဓိပ္ပါယ်ဟု မေးသောအခါ ဂုဏ်ပြုတာပါ ဟုကျွန်ုပ်မိတ်ဆွေမောင်ဖိုးမှိန်မှဖြေကြားလေသည် ။ ကျွန်ုပ်မြေးကလည်းဆယ်တန်းအောင်ဆိုတောခေသူတောမဟုတ် မောင်ဖိုးမှိန်ပြောသော
စကားကိုကြားလျှင်ကြားချင်း You are well come ဟုပြန်ပြောလိုက်လေသည် ။ ထိုစကားနှစ်လုံးတို့၏အဓိပ္ပါယ်အသီးသီးကိုကျွန်ုပ်သူငယ်ချင်းမောင်ဖိုးမှိန်ပြောပြသောကြောင်း
ကျွန်ုပ်ကောင်းစွာသိလိုက်ရလေပြီးသို့သော်နောက်နောက်ကြုံကြိုက်သောအခါ ပြောဆိုနိုင်ရန်
အတွက် မောင်ဖိုးမှိန်အား အကူအညီတောင်းရလေတောသည် ၊မောင်ဖိုးမှိန် မင်းငါကိုအခုနားကစကား
တွေကိုမြန်မာဘာသာအသံထွက်နှင့်ပြန်ဆိုရေးပေးပါကွာနောက်နောင်ကြုံကြိုက်ရင်ငါလည်း
ပြောကြည့်ရအောင်ဟုအကူအညီတောင်းလိုက်လေသည်။ မောင်ဖိုးမှိန်သည် ခဲတံနှင့်
စာအုပ်တောင်းကာကောက်ကာငြင်ကာရေးသားလိုက်လေသည် ။ ကွန်ကရက်ဂျူလေရှင်း .
ယောအဝေလဂန်း ထိုအခါကျွန်ုပ်သည် အထက်ပါစကားလုံးနှစ်လုံးကိုမြန်မာအသံထွက်ဖြင့်
တစ်တွတ်တွတ်ရွတ်ဆိုနေလေတောသတည်း ။ကွန်ဂရက်ဂျုလေရှင် ၊ ယောအဝေလဂန်း
ကွန်ဂရက်ဂျုလေရှင် ၊ ယောအဝေလဂန်း ။
လာလည်သွားပါတယ်
ReplyDelete